Sony Xperia C သည် အခြား Xperia ဖုန်းတွေလို Flash Tool နဲ့
တင်လို့မရပါ။ တင်ရင် "unable to read from phone after having
opened it. trying to continue anyway" လို့ပေါ်နေပါလိမ့်မည်။
ထိုအတွက်သူ့ကို WMShua နဲ့သုံးရပါမယ်။
လိုအပ်တဲ့ Firmware File နဲ့ WMshau
တို့ကိုအောက်မှာဒေါင်းလိုက်ပါ။
သုံးခုစလုံးအရင်ဒေါင်းလိုက်ပါ။ ပြီးရင် MTK Driver ကို Install
လုပ်ပါ။ ပြီးရင် WMShua ကို Install လုပ်၍ Run လိုက်ပါ။
အောက်ကပုံအတိုင်း
စက်ကွင်းလေးကိုလက်ညှိုးနဲ့ထောက်နေတဲ့ပုံကိုနှိပ်လိုက်ပါ။
ပုံအတိုင်း Select File ထဲမှာ
C2305_16.0.B.2.13_GenericWorld_2.ftf ဖိုင်ကိုရွေးပေးပါ။
ဖုန်းကို အရင်Power ပိတ်ပါ။ ပြီးရင် Volume Down
ကိုနှိပ်လျက်အနေအထားအတိုင်း PC နဲ့ ချိတ်ပါ။
ပုံကအတိုင်း Driver ကို Install လုပ်နေပါမည်။
အတော်အတန်ကြာနေပါလိမ့်မည်။
Firmware တင်နေတဲ့ ရာနှုန်း တက်နေလိမ်မယ်။
မတက်ပါက လိမ္မော်ရောင် တရုတ်ဘာသာနဲ့ခလုတ်ကိုနှိပ်ပေးပါ။
Firmware Install လုပ်ချိန် 20 မိနစ်လောက်ကြာမြင့်ပါမည်။
!!!!!သတိပြုရန်မှာ Firmware တင်စဉ် 97% လောက်ရောက်ပါက
စက် Hang နေသလိုဖြစ်နေပါလိမ့်မည်။ လုံးဝ ဘာမှ မလုပ်ပါနဲ့။
25 min လောက် Hang ပြီးပါက 100%
ပြည့်သွားပါလိမ့်မည်။!!!!!
ထိုအခါမှ USB ကြိုးဖြုတ် ပြီး Power On ကာအသုံးပြုနိုင်ပါသည်။
ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးဖြစ်သည်။
Credit to
Ann Twel
MCG Dawei
ref:Sony Xperia Users
ကျေးဇူးတင်ပါသည်။ (တင်ဂုဏ်ဗွဲမလောန်ရ)
ဉာဏ်ဝင်း - ကွာန်ဒဒန်ချေတ်


No comments:
Post a Comment