လေဖြတ်ရောဂါ ကင်းဝေးစေမည့်ဆေးနည်း
ရက်ပိုင်းတွင်း လေဖြတ်ဝေဒနာ ခံစားရသောလူများအတွက် တကယ်ထိရောက်တဲ့ ဆရာကိုသူရ၏ ဆေးနည်းကို ပြန်လည်ရေးသား မျှဝေပေးလိုက်ပါတယ်။
(၁) မီးဖိုချောင်သုံး ချင်းအစို တစ်လက်မခန့်ကို အခွံခွါပြီး ပါးပါးလှီးထားပါ။
(၂) ချင်းအချပ်များကို ထပ်ထားပြီး ဓါးနဲ့ထပ်လှီးပေး၍ အစိတ်သေးလေးဖြစ်အောင် လှီးထားပါ။
(၃) ၄င်းချင်းစိတ်အသေးလေးများကို လက်ဖက်ရည်ပန်းကန်ထဲ ထည့်ပါ။
(၄) ရှောက်သီးကို အရည်ညစ်၍ ထမင်းစားဇွန်း ၂ ဇွန်းခဲ့ ထည့်ပြီး အဖုံးအုပ်၍ နှပ်ထားပါ။
(၅) စိမ်ထား(နှပ်ထား)သည့် ဆေးကို အဖတ်များကို ဖယ်၍ အရည်ကို၂ နာရီခွဲနဲ့ ၃ နာရီကြားမှာ သောက်ပါ။
(၆) ၃ နာရီထက်ပို၍ ကြာကြာထားပါက ဆေးအာနိသင် လျှော့သွားတတ်ပါတယ်။
၎င်းချင်းရှောက်ရည်ဆေးကို နေ့တိုင်းမသောက်ရပါ။ ၃ ရက်ကိုတစ်ကြိမ်သာ သောက်ပါ။ ၉ ရက်အတွင်း ၃ ကြိမ် သောက်ပြီးပါက လေဖြတ်ရောဂါ သိသိသာသာ သက်သာလာပါမယ်။ နောက်ပိုင်း ကိုယ့်အခြေအနေကို ပြန်ချင့် ချိန်ပြီး သောက်နိုင်ပါတယ်၊၊
လေဖြတ်တဲ့ရောဂါဟာ ခန္ဓာကိုယ်ထဲမှာ လည်ပတ်ပြီး အလုပ်လုပ်နေကြတဲ့ သွေးကြောလေးတွေ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီဆေးကို သောက်ပေးခြင်းဖြင့် သွေးကြောကို ပြန်ဖွင့်ပေးနိုင်ပြီး လေဖြတ်ရောဂါ အမြန်ဆုံး ပြန်လည်သက်သာလာပါလိမ့်မယ်။
လူသားအားလုံး ရောဂါဝေဒနာများ ပျောက်ကင်း၍ ကျန်းမာစွာပျော်ရွှင်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - Ko Thu Ya (မြန်မာ့ဆေးဖက်ဝင်အပင်များ)
အစွမ်းထက် သဘာဝဆေးနည်းများ

No comments:
Post a Comment