သီချင်းများနားဆင်နိုင်ပါသည်

Monday, July 20, 2015

iOS 8.3/8.4 Jailbreak လုပ်ထားသော iOS Device များကို Un-Jailbreak ပြန်လုပ်နည်း





ယခင်က iOS version update အသစ်ထွက်လို့ ယင်း update ကိုမြှင့်

ချင်တယ်ဆိုရင် Jailbreak လုပ်ထားသော iOS Device တွေအနေနဲ့ 

device မှတိုက်ရိုက်မြှင့်နိုင်တဲ့ OTA update လုပ်လို့မရတော့ပါဘူး။ 

ယင်းအတွက် ကွန်ပျူတာကနေတစ်ဆင့်ပဲ iOS Firmware update 

အသစ်ကို Update လုပ်ရပါတယ်။ ယခုတော့ iOS Jailbreak Device 

များအတွက် Cydia ကိုဖန်တီးခဲ့သူ Saurik က Jailbreak လုပ်ထား

သော iOS Device များကို Un-Jailbreak ပြန်လုပ်နိုင်သော Cydia 

Impactor အမည်ရ Cydia Tweak ကိုထုတ်ပေးလိုက်ပြီဖြစ်သည်။ ဒီ 

Tweak ကိုသုံးခြင်းအားဖြင့် iDevice ကို Jailbreak မလုပ်ရသေးခင်

အနေအထားသို့ပြန်လည်ရောက်ရှိစေပြီး OTA update ကိုလည်း 

device မှပင်လွယ်ကူစွာ update ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်သည်။




ယင်း Cydia Tweak သည် (လတ်တလောတွင် iPod touch 6 မှလွဲ

ပြီး) iOS 8.3 နှင့် iOS 8.4 တင်ထားသော iOS Device မှန်သမျှကို 

Un-Jailbreak အနေအထားသို့ပြန်လည်ပြုလုပ်ပေးနိုင်သည်။ သို့သော် 

Device အတွင်းရှိ Data များကတော့ အကုန်ပျက်ပြီးဘာမှမသွင်းရ

သေးခင်အနေအထား၊ အသစ်အတိုင်းပြန်ဖြစ်သွားမှာပါ။ ဒါကြောင့် 

Cydia Impactor ကိုသုံးပြီး Un-Jailbreak ပြန်မလုပ်ခင် မိမိရဲ့ 

iDevice ထဲက Data များကို ကွန်ပျူတာက iTunes နဲ့ချိတ်ဆက်ပြီး 

Backup အရင်ရယူထားပါ။


လုပ်နည်းကတော့

မိမိရဲ့ iDevice မှာ အင်တာနက်အရင်ဖွင့်ထားပါ။

Cydia ထဲကိုဝင်ပြီး refresh အရင်လုပ်ပါ။

ပြီးလျှင် Cydia App ထဲက Search box ကနေ Cydia Impactor လို့

ရိုက်ထည့်ပြီးရှာပါ။





တွေ့ပြီဆိုရင် Cydia Impactor ကို Install လုပ်ပါ။ (မတွေ့သေးရင်

တော့ Cydia ကိုပဲ Refresh ပြန်လုပ်ပါ)

Install လုပ်ပြီးပြီဆိုရင်တော့ Home Screen ပေါ်မှာ Cydia 

Impactor ဆိုတဲ့ App လေးကိုတွေ့ရပါမယ်။



iOS ရဲ့ Setting> iCloud ထဲကိုဝင်ပြီး Find my iPhone ကို off ထားပါ။

ဖုန်းကိုအားသွင်းရင်းနဲ့လုပ်ပါ။ (ဘက်ထရီအားနည်းနေချိန်မလုပ်ပါနဲ့)

ခုနကသွင်းထားတဲ့ Cydia Impactor ကိုဖွင့်ပါ။ Delete all data and unjailbreak device ကိုနှိပ်ပါ။



Unjailbreak Process ပြီးသွားပြီဆိုရင် iOS setup screen အနေအထားကိုပြန်လည်ရောက်ရှိသွားပါပြီ။



Step By Step Setup လုပ်ပြီးပြီဆိုရင်တော့ Jailbreak လုပ်မထားတဲ့ 

Device အနေအထားနဲ့ မိမိရဲ့ iPhone/Pad/Pod touch ကိုပြန်လည်

အသုံးပြုနိုင်ပြီဖြစ်ပါတယ်။



Credit to : သက်နိုင်စိုး (Myanmar Mobile App)











ကျေးဇူးတင်ပါသည်။ (တင်ဂုဏ်ဗွဲမလောန်ရ)

ဉာဏ်ဝင်း - ကွာန်ဒဒန်ချေတ်

No comments: