ကျွန်တော်တို့ Windows တင်ပီးသွားတဲ့အခါမှာ Program
တွေထပ်သွင်းကြရပါတယ်။ ဒီလိုသွင်းတဲ့အခါမှာ ကျွန်တော်တို့က
CD ခွေတွေထဲကနေထည့်သွင်းမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့်
ကျွန်တော်တို့က HDD သို့မဟုတ် Stick တွေထဲမှာသိမ်းထားတဲ့
Program တွေကိုသွင်းတဲ့အခါမှာ ထို NSIS ဆိုတဲ့
ပြဿနာကိုမြင်တွေ့ရမှာပါ။
NSIS Error တက်သွားတဲ့ Program ကို ဘယ်လိုသွင်းမလည်း
လို့မပြောခင်မှာဒီပြဿနာဘယ်လိုဖြစ်တာလည်းဆိုလေးကိုအရင်ဆုံး
ရှင်းပြပေးပါ့မယ်။ အဓိက အကြောင်းရင်းကတော့ သင်ဟာ
သင်ကိုယ်တိုင် Backup လုပ်ထားတဲ့ EXE ဖိုင်တွေကို ZIP နဲ့
မချုပ်ထားပဲ ဒီအတိုင်းသိမ်းထားတဲ့အခါမှာ သင်သိမ်းထားတဲ့
HDD သို့မဟုတ် Stick ထဲကို Virus က ဝင်လာသောအခါမှာ ရှိနေတဲ့
EXE တွေကို သမလိုက်ပါတယ်။ နောက်တစ်ချက်ကတော့ Antivirus
Run လိုက်တဲ့အခါမှာလည်း ခုနက သိမ်းထားတဲ့ EXE ဖိုင်တွေက
Virus Detected ဖြစ်ထားတဲ့အတွက်ကြောင့် ၄င်းကိုလည်း
Anti-Viurs ကထပ်သမပါတယ်။ ဒီလိုအနေအထားမျိုးမှာ EXE
တွေက မူလအတိုင်းမရှိတော့ပဲ File အချို့က Virus ဓာဏ်ကြောင့်
အနည်းငယ်ပျက်စီးသွားပါတယ်။ ဒီတော့ ကျွန်တော်တို့ က ထိုသို့
ထိထားတဲ့ EXE တွေကို Windows ပေါ်မှာ Run မယ်ဆိုရင်
ပုံမှန်အားဖြင့် ဘယ်လိုပဲ Run Run လုံးဝမရပဲ NSIS Error ကို
သာတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံးကျွန်တော်တို့က RUN
Box ကိုဖွင့်လိုက်ပါမယ်။ထို့နောက်တော့
အထက်ပါပုံအတိုင်း %comspec% လိုကရိုက်လိုက်ပါမယ်။
ဒါကတော့ ပုံမှန်အားဖြင့် ကျွန်တော်တို့ Run Box ထဲမှာ CMD
ခေါ်တာနဲ့အတူတူပါပဲ…. ပုံမှန်အတိုင်း CMD လို့ခေါ်လိုက်မယ်ဆိုရင်
User Permission အနေ ဖြင့်သာလုပ်ဆောင်နိုင်မှာမို့လို့
ကျွန်တော်တို့က Administrator Permission အပြည့်
ရမယ့် %comspec% ဆိုပီးရိုက်လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင်
အထက်ပါပုံအတိုင်း Administrator Permission အနေ ဖြင့်
System32 အောက်ကိုရောက်နေမှာဖြစ်ပါတယ်။ ဒီတော့
ကျွန်တော်တို့က ခုနက NSIS Error တက်တဲ့ Program ကို Desktop
ပေါ်သို့ တင်လိုက်ပါမယ်။ထို့နောက်တော့
ကျွန်တော်တို့ကမိမိသွင်းမယ့် Program ကို Mouse ဖြင့်
ဖိထားပြီး Command Prompt ထဲကို Drag ဆွဲထည့်လိုက်ပါ့မယ်။
ဒါဆိုရင်အထက်ပါပုံအတိုင်း “ အစနှင့် “ အဆုံးနောက်မှာ Space
ခြားပြီး /NCRC လို့ရိုက်လိုက်ပါမယ်။ ပြီးရင်တော့ Enter
ခေါက်လိုက်ပါမယ်။ ဒါဆိုရင်တော့
အထက်ပါပုံအတိုင်းမြင်ရမှာဖြစ်ပီး
ယခင်ဖိုင်အကောင်းဖြစ်စဉ်ကာလတုန်းကလိုပဲ ပုံမှန်အတိုင်း
Install လုပ်နိုင်မှာဖြစ်ပါတယ်။ ကဲဒီလောက်ဆို
အဆင်ပြေလောက်မယ်ထင်ပါတယ်။ ကျေးဇူးတင်လျှက်…
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်
ကျေးဇူးတင်ပါသည်။ (တင်ဂုဏ်ဗွဲမလောန်ရ)
ဉာဏ်ဝင်း - ကွာန်ဒဒန်ချေတ်
No comments:
Post a Comment