ကျွန်တော်က အခုမှပညာကိုစတင် လေ့လာနေတာဖြစ်ပါတယ်။ မိမိသိထားသလောက်Samsung GT-S7270L ကို Root ဖောက်ပြီး မြန်မာစာထည့်နည်း
ကိုပြန်လည်ဝေမျှလိုသောစိတ်ဓာတ်ဖြင့်သာဖော်ပြ ခြင်းဖြစ်ပါတယ်။ အမှားပါရင်
ခွင့်လွှတ်ကြပါလို့ကြိုတင် အသိပေးပါတယ်ခင်ဗျား........
Root ပြုလုပ်နည်း
ပထမဦးဆုံး ဖုန်းကို Setting>Security>Unknown Sources ကို အမှန်ခြစ်ပေးပါ။ Setting>Developer options>USB debugging ကိုအမှန်ခြစ်ပေးထားပါ။ ဖုန်းကို ကွန်ပျူတာ USB ချိတ်ဆက်လိုက်ပါ Driver မသိပါက Samsung USB Driver ကို ရှာပြီး ဒေါင်းလုတ်လုပ်လိုက်ပါ။ Driver သိပြီဆိုရင် Vroot v_1.7.4 နဲ့ Root ဖောက်လိုက်ပါ။ Root အောင်မြင်တယ်ဆိုရင် Computer မှာ အမှန်ခြစ်လေးပြပါလိမ့်မယ်။ ပြီးလျှင် ဖုန်းကအလိုလို Reboot ဖြစ်သွားပါမယ်။ Reboot ပြန်တက်လာလျှင် Superuser ကိုတွေ့ရပါမယ်။Root ပြုလုပ်ခြင်းပြီးပါပြီ။
မြန်မာစာနှင့်ကီးဘုတ်ထည့်နည်း
မြန်မာစာနှင့်ကီးဘုတ်ထည့်ရန်အတွက် အောက်ပါ app သုံးခုကို အရင်ဒေါင်းလုတ်လုပ်လိုက်ပါ။
(1) Frozen Keyboard ဒေါင်းရန်
(2) မြန်မာ Font ဒေါင်းရန်
(3) Rootexplorer ကိုဒေါင်းရန်
အားလုံးဒေါင်းလုတ်လုပ်ပြီးလျှင် Frozen Keyboard နှင့် Rootexplorer ကိုဖုန်းထဲမှာ Install လုပ်လိုက်ပါ။ ဒေါင်းလုတ်လုပ်ထားတဲ့ (DroidSansFallback.ttf)
ကို ဖုန်းရဲ့ SD Card ထဲကို Copy လုပ်ထားပါ။ ပြီးလျှင် Setting>Launguage & Keyboard ကိုနှိပ်ပါ။ Frozenkeyboard ကိုအမှန်ခြစ်ပေးပါ။ Default Keyboard
နေရာကိုနှိပ်ပါ။ ပေါ်လာတဲ့အထဲက Frozenkeyboard နေရာကို နှိပ်လိုက်ပါ။
ပြီးလျှင် ခုနက Install လုပ်ထားတဲ့ Rootexplorer app ကို ဖွင့်ပါ Superuser Access တောင်းလျှင် Allow ကိုနှိပ်လိုက်ပါ။ (R/O လုပ်ပြီးမှလည်း Superuser Access တောင်းတတ်ပါတယ်)။ ပြီးလျှင် R/W ကို R/O ပြောင်းလိုက်ပါ။အောက်ကပုံမှာပြထားပါတယ်။
ပြီးလျှင် sdcard ကိုလိုက်ရှာပါ။ အောက်နားမှာရှိပါတယ်။ sdcard ကိုနှိပ်လိုက်ပါ။
ပြီးလျှင် ခုနက Copy ကူးထားသော DroidSansfallback.ttf ကို ကြာကြာနှိပ်ထားပါ။
Options Box ပေါ်လာလျှင် Copy ကိုနှိပ်ပါ။ ပြီးလျှင် Back တစ်ချက်နှိပ်ပါ။ System>fonts ကိုဝင်ပါ။ Screen အောက်ဆုံးဘယ်ဘက်က Paste ကိုနှိပ်ပါ နာမည်တူ Font ရှိပီးသားမို့ replaced လုပ်မလားလို့မေးပါမယ်။ Yes ပဲနှိပ်ပါ။ ပြီးလျှင်
အခု Paste လုပ်လိုက်တဲ့ DroidSansfallback.ttf ကိုရှာပြီး ကြာကြာနှိပ်ထားပါ။ ပေါ်
လာတဲ့ Options box က Permissions ကိုနှိပ်ပါ။ အောက်ကပုံအတိုင်း အမှန်ခြစ်ပေး
လိုက်ပါ။
OK ကိုနှိပ်ပါ။ ပြီးလျှင် ဖုန်းကို Reboot ပြန်လုပ်လိုက်ပါ။ ဖုန်း Reboot ပြန်တက်လာ
ရင် မြန်မာလိုရိုက်လို့ ဖတ်လို့ရပါပြီ။ လက်တွေ့စမ်းသပ်အောင်မြင်ထားပြီးဖြစ်သော
ကြောင့် စိတ်ချလက်ချ လုပ်ဆောင်နိုင်ပါတယ်။ ဖြစ်လာမည့်အကျိုးဆက်များသည်
မိမိ၏တာဝန်သာဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။ (တင်ဂုဏ်ဗွဲမလောန်ရ)
ဉာဏ်ဝင်း (ကွာန်ဒဒန်ချေတ်)
No comments:
Post a Comment