သီချင်းများနားဆင်နိုင်ပါသည်

Saturday, February 15, 2014

မိမိဝင်ရောက်ခဲ့သော ဝက်ဘ်ဆိုက်များကို PDF ဖိုင်အဖြစ် အလွယ်တကူဒေါင်းလုတ်လုပ်နည်း

မင်္ဂလာပါခင်ဗျား.......
ကျွန်တော်တို့ အင်တာနက်ဝက်ဘ်ဆိုက်တွေကို ဝင်လိုက်ထွက်လိုက်နဲ့ နောက်တစ်ခါ
ပြန်ဝင်ချင်ရင် Link ကို မှတ်ထားမှရပါလိမ့်မယ်။ Link ကိုမှတ်မထားမိရင် ဟိုရှာဒီရှာ နဲ့အချိန်အများကြီးကုန်စေပါတယ်။ အဲဒီလိုမှတ်ထားဖို့ဆိုရင် Web Page 
တစ်ခုလုံးကို PDF ဖိုင်အနေနဲ့ ပြောင်းပြီး မှတ်ထားလို့ရပါတယ်။ ကိုလိုချင်တဲ့အချိန်ကျရင်
PDF ဖိုင်လေးကိုဖွင့်ပြီး Ctrl + Click လုပ်လိုက်တာနဲ့ ကိုယ်မှတ်ထားတဲ့ Page ကိုတိုက်ရိုက်
ရောက်သွားမှာပါ။

ပြုလုပ်နည်းကတော့

ပထမဆုံး ကိုမှတ်ထားချင်တဲ့ web page ရဲ့ Address Bar ကစာသားအားလုံးကို
Select လုပ်ပြီး Right Click > Copy လုပ်ထားပါ... အောက်ကပုံကိုကြည့်ပါ.....





ပီးရင် PDF ပြောင်ပေးမယ့်ဆိုက်ကိုသွားရန် ဒီနေရာကိုနှိပ်ပါ
အောက်ကပုံကိုကြည့်ပါ.....




Address ဟုပြထားသော အကွက်တွင် ခုနက Copy လုပ်ထားတဲ့ Link ကို
Right Click > Paste လုပ်ပြီး Convert to PDF ကိုနှိပ်လိုက်ပါ။ သူ့အလိုလို
ဒေါင်းလုတ်ဆွဲပါလိမ့်မယ်.... 

(မှတ်ချက်)။ ကျွန်တော်စမ်းကြည့်သလောက်တော့ ဆိုက်တော်တော်များများကို

 ရပါတယ်။ တချို့ဆိုက်တွေကိုမရပါဘူး။ နောက်ပီး မြန်မာစာနဲ့
ရေးထားတဲ့ Page တွေကျတော့ လေးထောင့်တုံးလေးတွေပဲပြပါတယ်။ ဒါပေမယ့်
လည်းအရမ်းကိုအသုံးတဲ့လို့ တင်ပေးတာဖြစ်ပါတယ်။



{မသိသေးသောသူများအတွက်သာရည်ရွယ်ပါသည်}

ကျေးဇူးတင်ပါတယ်။ (တင်ဂုဏ်ဗွဲမလောန်ရ)


ဉာဏ်ဝင်း (ကွာန်ဒဒန်ချေတ်)


No comments: